About this course

Cover image:© © UNICEF/UN018669/Zehbrauskas 

This translation was not created by UNICEF, UNHCR, UNDP, UN Women or UNFPA. Authoring UN agencies are not responsible for the content or accuracy of this translation. The original edition is the English language edition 'AGORA, Prevention of Sexual Exploitation and Abuse (PSEA), UNICEF, UNHCR, UNDP, UN Women and UNFPA, Geneva, 2022. License: CC-BY 4.0

ဤသင်တန်းမှာ လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်အမြတ်ထုတ်မှုနှင့် အလွဲသုံးစားမှုအားတားဆီး ခြင်း (PSEA) e-learning သင်တန်းသည် ကုလသမဂ္ဂရန်ပုံငွေနှင့်အစီအစဉ်များ အားလုံးတွင်ပါဝင်သော ၀န်ထမ်းများ၊ အတိုင်ပင်ခံပုဂ္ဂိုလ်များ၊ ကန်ထရိုက်တာများ၊ stand-by ၀န်ထမ်းများ၊ ကုလသမဂ္ဂစေတနာ့ဝန်ထမ်းများ၊ အလုပ်သင်များ နှင့် ဌာနချုပ်၌ဖြစ်စေ၊ အခြား တာဝန်ကျရာ နေရာများတွင်ဖြစ်စေ သီးသန့်စာချုပ်တစ်ခုအောက်တွင်  ကုလသမဂ္ဂ အတွက် အလုပ်လုပ်သော အခြား ပုဂ္ဂိုလ်များ အတွက် ဖြစ်စေ မဖြစ်မနေ လေ့လာရန်  လိုအပ်သည်။

အကောင်အထည်ဖော် မိတ်ဖက်အဖွဲ့အစည်းများ၊ ကုလသမဂ္ဂနှင့် ဆက်စပ်သော အဖွဲ့ အစည်းဆိုင်ရာ စာချုပ်များချုပ်ဆိုထားသူများကိုလည်း ဤသင်တန်းသို့ တက်ရောက်ရန် အထူးတိုက်တွန်းပါသည်။

ဤ e-learning သင်တန်းတွင် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု၊ အလွဲသုံးစားမှုနှင့်ပတ် သက်သည့် သင်၏အသိပညာကိုမြှင့်တင်ရန်ရည်ရွယ်သောသင်ခန်းစာများ ပါဝင်သော ကြောင့်၊ လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်အမြတ်ထုတ်မှုနှင့် အလွဲသုံးစားမှုကို တိုက်ဖျက်နိုင် သည့် နည်းလမ်းများနှင့် အကျွမ်းတဝင်ဖြစ်လာနိုင်ပြီး၊ နစ်နာသူအပေါ် လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်ခြင်းနှင့် အလွဲသုံးစားမှု၏ အကျိုးသက်ရောက်မှုများနှင့် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုနှင့်အလွဲသုံးစားမှုကျူးလွန်သော ကုလသမဂ္ဂ ၀န်ထမ်းများ အတွက် အကျိုးဆက်များ ကိုနားလည်နိုင်သည်။ 

ဆွေးနွေးမှုများ၊ ဥပမာများနှင့်  ဖြစ်ရပ်မှန်များလေ့လာခြင်းမှ တစ်ဆင့်၊ ဤသင်တန်းက သင့်အား လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုနှင့်အလွဲသုံးစားမှုဆိုင်ရာကုလသမဂ္ဂစံနှုန်းများနှင့် ဤသတ်မှတ်ချက်များကိုလိုက်နာရန်သင်၏တာဝန်ဝတ္တရားများအား ရင်းနှီးကျွမ်းဝင်စေပြီး၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုနှင့်အလွဲသုံးစားမှုကို မည်ကဲ့သို့ ကာကွယ်ရန်နှင့် ၎င်းအား ကုလသမဂ္ဂ ၀န်ထမ်းများမှ ပြုလုပ်ပါက မည်သို့ အစီရင်ခံရမည်ကို သိရှိနိုင်မည်။ အကယ်၍ သင်ဟာမန်နေဂျာတစ်ယောက် (ရုံးဌာနမှူး / ဌာနမှူး) ဖြစ်လျှင်ကုလသမဂ္ဂ၏ အမူအကျင့် ဆိုင်ရာစံနှုန်းများကိုလိုက်နာရန်နောက်ထပ်တာ၀န်များကိုလေ့လာရမည်။


သင်ယူခြင်းရည်ရွယ်ချက်များ


ဤသင်တန်း၏အဆုံးမှာတော့ သင်ဟာ - 


  • ဒေသခံနှင့်အိုးအိမ်စွန့်ခွာထွက်ပြေးရသူများကို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်း နှင့် အလွဲသုံးစားမှုမှ ကာကွယ်ရန်သင်ဘာလုပ်နိုင်သည်ကိုရှင်းပြနိုင်မည်။
  • လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်အမြတ်ထုတ်မှုနှင့်အလွဲသုံးစားမှုဆိုင်ရာ ကုလသမဂ္ဂ ၏ စံနှုန်းများကိုဖော်ပြ၍ ကုလသမဂ္ဂဝန်ထမ်းအနေဖြင့် သင်၏တာဝန်များကို နားလည်နိုင်မည်။
  • လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းနှင့် အလွဲသုံးစားမှုကို မည်သို့အစီရင်ခံ ရ မည်ကိုဖော်ပြနိုင်မည်။
  • ထိုကဲ့သို့သောချိုးဖောက်မှုများ၏အကျိုးဆက်များကိုနားလည်သဘောပေါက်မည်။
  • ကုလသမဂ္ဂ၏အမူအကျင့်စံနှုန်းများကိုလိုက်နာရန်အတွက် မန်နေဂျာများ၊ ရုံးအကြီး အကဲများနှင့်ဌာနအကြီးအကဲများဘာလုပ်ရမည်ကိုဖော်ပြနိုင်မည် ဖြစ်သည်။

ပရိသတ် (ပါဝင်သူများ)

ဤသင်တန်းသည် ကုလသမဂ္ဂ ရန်ပုံငွေနှင့် အစီအစဥ်များတွင်ပါဝင်သော စေတနာ့ဝန်ထမ်းများ၊ ကန်ထရိုက်တာများ အားလုံးအတွက် မဖြစ်မနေလိုအပ်သည်။ အသစ်ခေါ်ယူခံထားရသည့် ၀န်ထမ်းများအားလုံးသည်လည်း တစ်စိတ်တစ်ပိုင်းအဖြစ် ဤ သင်တန်းကိုပြီးမြောက်ရန်လိုအပ်သည်။

ကြာချိန်

ဤသင်တန်းကို ပြီးမြောက်ရန်အတွက် မိနစ် ၉၀ သာ ကြာမည်။

နည်းစနစ်

ဤသင်တန်းတွင် သင်ခန်းစာ ၅ ခု ပါဝင်သည်။ သင်တန်း၏ နိဒါန်းကို “နိဒါန်း” သင်ခန်းစာ တွင်ဖော်ပြထားသည်။ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုနှင့် အလွဲသုံးစားမှု (မဖွယ်မရာပြုမှု) ဆိုင်ရာ ကုလသမဂ္ဂ၏စံနှုန်းများ (သင်ခန်းစာ ၁)၊ ကုလသမဂ္ဂ၀န်ထမ်း၏ တာဝန်ဝတ္တရားများ (သင်ခန်းစာ ၂)၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုနှင့် အလွဲသုံးစားမှု (မဖွယ်မရာပြုမှု) ၏အကျိုးဆက်များ (သင်ခန်းစာ ၃) နှင့် ရုံးအကြီးအကဲများနှင့် ဌာနအကြီးအကဲများ၏တာဝန်များ (သင်ခန်းစာ ၄) တို့ဖြစ်သည်။ 

သင်ခန်းစာများတွင် ဖြစ်ရပ်မှန်လေ့လာမှုများ၊ ဥပမာတိုများနှင့် သင်ခန်းစာတစ်ခုစီအတွက် သီးသန့်သတင်းများကို အားဖြည့်ရန် ဖန်တီးထားသောအခြေအနေများ ပါဝင်သည်။ သင်ခန်းစာများသည် တိကျသောစည်းမျဉ်းစည်းကမ်းများနှင့် သက်ဆိုင်သည့် သတင်း အချက်အလက်များကိုလည်းရည်ညွှန်းပေးသည်။ အဆိုပါသင်တန်း အကျဥ်းချုပ် ပြီးဆုံးပြီး‌နောက် သင်တန်းအကဲဖြတ်စာမေးပွဲ ဖြေဆိုနိုင်ပြီး အောင်မြင်ပါက အောင်မြင်ခြင်း လက်မှတ် ကို ပုံနှိပ်ထုတ်ယူနိုင်သည်။


ဖွဲ့စည်းပုံ

ဤသင်တန်းတွင် -

  • နိဒါန်း
  • အခန်း ၁ -  လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုနှင့် အလွဲသုံးစားမှု (မဖွယ်မရာပြုမှု) ဆိုင်ရာ ကုလသမဂ္ဂ၏စံနှုန်းများ
  • အခန်း ၂ - ကုလသမဂ္ဂ၀န်ထမ်း၏ တာဝန်ဝတ္တရားများ
  • အခန်း ၃ - လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုနှင့် အလွဲသုံးစားမှု (မဖွယ်မရာပြုမှု) ၏အကျိုးဆက်များ
  • အခန်း ၄ - ရုံးအကြီးအကဲများနှင့် ဌာနအကြီးအကဲများ၏တာဝန်များ
  • နောက်ဆုံးအကဲဖြတ်စာမေးပွဲ တို့ပါဝင်သည်။

Contact details

Agora team, this support request form.

ယခု အီး​မေးလ်သည် လက်ရှိမှာတော့ အင်္ဂလိပ်၊ စပိန်၊ ပြင်သစ်၊ စတဲ့ဘာသာစကားတွေနဲ့သာဖြေကြားနိုင်​သေးပါသဖြင့် မြန်မာဘာသာဖြင့်ဖြေကြားနိုင်စေရန် အောက်ပါ အီးမေးလ်သို့ဆက်သွယ်နိုင်ပါသည်။

Topic: Governance, Ethics and Compliance - Ethics, Governance, Ethics and Compliance
Format: Online courses, Online courses - Advanced e-course
Provider: UNICEF
Language: Burmese

Dates

Start date: 19/11/17