သင်တန်းအကြောင်း အကျဉ်းချုပ်ဖော်ပြချက်
ဤ “လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုမူခြင်းခံရသော ကလေးသူငယ်များအား ပြုစုစောင့်ရှောက်ခြင်းအကြောင်း မိတ်ဆက်ခြင်း (ဒုတိယအကြိမ်ပြင်ဆင်တည်းဖြတ်ခြင်း)” အွန်လိုင်းသင်တန်းသည် လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုမူခြင်းခံရသော ကလေးသူငယ်များအား ပြုစုစောင့်ရှောက်ခြင်း (CCS) ဆိုင်ရာ စွမ်းရည်မြှင့်တင်မှု ပြုလုပ်ပေးရန် တောင်းဆိုမှုများ များပြားလာခြင်းကြောင့် ထိုတောင်းဆိုမှုများကို ဖြည့်ဆည်းပေးရန် ရည်ရွယ်ခြင်းဖြစ်သည်။ ဤသင်တန်းတွင် အသစ်ပြင်ဆင်ပြုစု ထားသည့် CCS လမ်းညွှန်စာအုပ်နှင့်သင်တန်း (ဒုတိယအကြိမ်၊ ၂၀၂၃ခုနှစ်) ၏ အခန်း (၁) နှင့် (၂) ပေါ်တွင် အခြေခံ၍ CCS နှင့်စပ်လျဉ်းသည့် အခြေခံအသိပညာဗဟုသုတများကို သင်ကြားပို့ချပေးရန် ရည်ရွယ်ပါသည်။ လူတွေ့ပို့ချသော CCS သင်တန်းကို တက်ရောက်ခွင့်ရရန် သတ်မှတ်ချက်တစ်ခုအဖြစ် ဤအွန်လိုင်းသင်တန်းကို တက်ရောက်ထားရန် တောင်းဆိုနိုင်သည်။ ထို့ပြင် သင်တန်းရထားပြီးသူများအတွက် မွမ်းမံသင်တန်းတစ်ခုအနေဖြင့်လည်း အသုံးပြုနိုင်သည်။
သင်တန်း၏ ရည်ရွယ်ချက်များ
ဤသင်တန်းပြီးဆုံးချိန်တွင် သင်တန်းတက်ရောက်သူများသည် အောက်ပါအကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည် -
- ကလေးသူငယ်အပေါ် လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုမူခြင်းအကြောင်း နေရာဒေသအခြေအနေနှင့် ဆက်စပ်ကာ နားလည်သိရှိသွားခြင်း
- ဖြစ်ရပ်စီမံခန့်ခွဲမှုအား CCS နည်းလမ်းဖြင့် ဆောင်ရွက်ပုံကို နားလည်သိရှိသွားခြင်း
- CCS လမ်းညွှန်အခြေခံမူများကို ရင်းနှီးကျွမ်းဝင်သိရှိသွားခြင်း
- ကလေးသူငယ်အပေါ် လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုမူခြင်းနှင့် စပ်လျဉ်း၍ မဖြစ်မနေ နားလည်တတ်ကျွမ်းထားရမည့် အသိပညာနယ်ပယ်များကို ဖော်ထုတ်သိရှိကာ ရှင်းပြပေးနိုင်ခြင်း

ဦးတည်ပရိတ်သတ်
- လူသားချင်းစာနာထောက်ထားမှု အခြေအနေများတွင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ဖြစ်ရပ်စီမံခန့်ခွဲမှု (သို့) ကျားမအခြေပြုအကြမ်းဖက်မှုအတွက် ဖြစ်ရပ်စီမံခန့်ခွဲမှု (သို့) ထိုဝန်ဆောင်မှုနှစ်မျိုစလုံးကို ဆောင်ရွက်ပေးနေသော ဝန်ထမ်းများ
- လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုမူခြင်းခံရသော ကလေးသူငယ်များအတွက် အခြားသော ဝန်ဆောင်မှုများနှင့် ပြုစုစောင့်ရှောက်မှုများ (ဥပမာ ကျန်းမာရေးနှင့် ဥပဒေရေးရာ) ဆောင်ရွက်ပေးနေသူများသည်လည်း CCS သင်တန်းနှင့် စာရွက်စာတမ်းများ၊ အရင်းအမြစ်များကို လေ့လာသင်ယူအသုံးပြုပါက ၎င်းတို့အတွက် များစွာ အထောက်အကူဖြစ် နိုင်ပါသည်။
ကြာမြင့်ချိန်
~ (၄) နာရီခန့်
သင်တန်းပို့ချမှုနည်းစနစ်
မိမိ အဆင်ပြေသည့် အမြန်နှုန်းဖြင့် လေ့လာသင်ယူနိုင်သည့်စနစ်
ဖွဲ့စည်းပုံ
- ၁။ CCS နည်းလမ်း - အခြေခံအုတ်မြစ်များနှင့် လမ်းညွှန်အခြေခံမူများ
- ၂။ မဖြစ်မနေ နားလည်တတ်ကျွမ်းထားရမည့် အသိပညာနယ်ပယ်များ
ဆက်သွယ်ရန် အီးမေးလ်လိပ်စာများ
Alexia Nisen၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဌာနခွဲ၊ anisen@unicef.org
သင်တန်း (သို့) နည်းပညာရပ်ပိုင်းဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်းသည့် မေးခွန်းများ ရှိလျှင် ကျေးဇူးပြု၍ ဤလိပ်စာသို့ ဆက်သွယ်ပါရန် - agora@unicef.org